လျှပ်စစ်သုံးမော်‌တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် AUNG KAN BO MOTORCYCLE INDUSTRIAL CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR (BATTERY ELECTRIC VEHICLE)၊ BRAND NAME: KENBO၊ MODEL NO: KB1000DT-15D၊ 2024 MDL၊ C/O: CHINA – (167) U၊ BRAND NAME: KENBO၊ MODEL NO: KB1500DT-29၊ 2024 MDL၊ C/O: CHINA – (168) U၊ BRAND NAME: KENBO၊ MODEL NO: KB1200DT-36၊ 2024 MDL၊ C/O: CHINA – (100) U နှင့် BRAND NAME: KENBO၊ MODEL NO: KB1000DT-29C၊ 2024 MDL၊ C/O: CHINA – (50) U တို့သည် ၁၁-၄-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိလာခဲ့ပါသည်။ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (10) U သည် ၄-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ (10) U သည် ၂၅-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port-RG) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် (၄၈၅)စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –RG) ၌လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၅-၄-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ ပါသည်။