အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PREMIER AUTOMOTIVE Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: GEELY GEOMETRY E၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးသည် ၂၇-၃-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့လည်းကောင်း၊ ESSENTIAL MOTORS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: BYD ATTO 3 EV၊ 2023 Mdl လျှပ်စစ်သုံးမော်တော် ယာဉ် (၁၀) စီးသည် ၂၃-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ GRAND SIRIUS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: NETA V၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးသည် ၁၇-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ Brand Name: NETA U၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ၂၈-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ Brand Name: NETA AYA၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီးသည် ၁၇-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ Brand Name: NETA AYA၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးသည် ၁၈-၂-၂၀၂၄ ရက်နေ့ တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့လည်းကောင်း၊ N.P.K MOTORS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New HATCHBACK (LHD) (Battery Electric Vehicle) Brand Name: LEAPMOTOR,T03(LUXURY)၊ 2023 Mdl လျှပ်စစ်သုံးမော်တော် ယာဉ် (၄) စီးနှင့် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: LEAPMOTOR,C11၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၁) စီးတို့သည် ၁၂-၄-၂၀၂၄ ရက်နေ့ တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ AUNG GYI GROUP OF Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: JAC e-JS4၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၆) စီး၊ AUTO TOP POWER Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: FAW TOYOTA BZ4X၊ 2022 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးနှင့် Brand New SALOON (LHD) (Battery Electric Vehicle) Brand Name: FAW TOYOTA BZ3၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၇) စီး၊ ESSENTIAL MOTORS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New HATCHBACK (LHD) (Battery Electric Vehicle) Brand Name: BYD SEAGULL EV၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၄၂) စီး တို့သည် ၁၂-၄-၂၀၂၄ ရက်နေ့တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့လည်းကောင်း၊ SUPER SEVEN STARS MOTORS INDUSTRY Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Electric Vehicle Charger၊ Brand Name : AURORA 7၊ Model No: DH-AC0070XG70 လျှပ်စစ်သုံးယာဉ်အားသွင်းစက် (၄၀) ခုနှင့် Brand Name: AURORA 22၊ Model No: DH-AC0220XG70 လျှပ်စစ်သုံးယာဉ်အားသွင်းစက် (၁၀) ခုတို့သည် ၂၅-၃-၂၀၂၄ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိ လာပြီး ၎င်းလျှပ်စစ်သုံးမော်တော်ယာဉ် စုစုပေါင်း (၁၂၇) စီးနှင့် လျှပ်စစ်သုံးယာဉ် အားသွင်း စက် (၅၀) ခုတို့အား ၂၅-၄-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဥ်