လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM၊ RG) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8
9
10
11
12

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် MYANMAR GREAT MOTORS CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME : AIQAR eQ3၊ 2024 MDL၊ C/O : CHINA – (18) U သည် ၈-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME : AIQAR eQ3၊ 2024 MDL၊ C/O : CHINA – (2) U သည် ၂၉-၄-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ 99 MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GAC AION Y YOUNGER၊ 2023 MDL၊ C/O: CHINA – (7) U သည် ၂၂-၆-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ FARA MYANMAR EV CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: DAYUN YUEHU SI (VIP EDITION)၊ 2024 MDL၊ C/O: CHINA – (20) U သည် ၂၁-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW PICK UP (DOUBLE CAB) (LHD)၊ BRAND NAME: GEELY RIDDARA RD6၊ 2024 MDL၊ C/O: CHINA – (1) U နှင့် BRAND NEW PICK UP (DOUBLE CAB) (LHD)၊ BRAND NAME: GEELY RIDDARA RD6၊ 2024 MDL၊ C/O: CHINA – (8) U တို့သည် ၂၅-၇-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG BOX (NAMMI 01)၊ 2024 MDL၊ C/O: CHINA – (25) U သည် ၁၇-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီး ရောက်ရှိခဲ့ပါသည်။ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SUV (LHD)၊ BRAND NAME: WILLING BAOJUN CLOUD၊ 2023 MDL၊ C/O: CHINA – (25) U သည် ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ MYANBAKE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: LIVAN RL9၊ 2023 MDL၊ C/O: CHINA – (8) U သည် ၈-၁၂-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၈၁) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၈) စီးအား မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌ လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဥ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၂-၁၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့်ပြုထား ကြောင်းသတင်းရရှိပါသည်။