အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG VENUCIA-VX6 450 AIR၊ 2024 MDL၊ C/O: CHINA – (8) U နှင့် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG VENUCIA-D60 EV PLUS၊ 2024 MDL၊ C/O: CHINA – (4) U သည် ၄-၁-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ AMAZING AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (12) U သည် ၁၈-၁၀-၂၀၂၄ ရက်နေ့ တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိခဲ့ပါသည်။ ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊ C/O: CHINA – (8) U သည် ၂၀-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG VOYAH FREE၊ 2024 MDL၊ C/O: CHINA – (2) U နှင့် BRAND NEW SEDAN (LHD)၊ BRAND NAME: DONGFENG VOYAH PASSION၊ 2024 MDL၊ C/O: CHINA – (4) U သည် ၂၈-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ SEIN OH SI AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKSWAGEN ID 4 CROZZ၊ 2024 MDL၊ C/O: CHINA – (12) U သည် ၂၂-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်ကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၆) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌လည်ကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌လည်ကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၅၀) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိပါသည်။