အကောက်ခွန်အရာရှိများအားငွေကြေးခဝါချမှုတိုက်ဖျက်ရေးအသိပညာပေးသင်တန်းပို့ချခြင်း

အခမ်းအနားပွဲများ
114
214
314
414
514

၉-၁၁-၂၀၂၄ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန၊ အကောက်ခွန်သင်တန်းကျောင်း၊ ရန်ကုန်မြို့၌ အကောက်ခွန်အရာရှိများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အသိပညာပေးသင်တန်းအား ကျင်းပခဲ့ရာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်စိုးမှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘာသာရပ်နှင့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးသူရိန်အောင်မှ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း ဘာသာ ရပ်အားလည်းကောင်း သင်ကြားပို့ချဆွေးနွေးခဲ့ပါသည်။

အဆိုပါ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်းသို့ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ရှိ ဌာနခွဲ အသီးသီးမှ အကောက်ခွန်အရာရှိ (၇၀) ဦး တို့သည် အကောက်ခွန်သင်တန်းကျောင်း ခန်းမတွင် လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ နယ်မြေအသီးသီး ရှိ အကောက်ခွန်အရာရှိ (၄၀)ဦးတို့သည် Online Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ပါသည်။