အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PREMIER AUTOMOTIVE CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GEELY GEOMETRY E၊ 2024 MDL၊ C/O: CHINA – (8) U သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ AUNG GABAR MOTOR SERVICES မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX ALPHA T5၊ 2024 MDL၊ C/O: CHINA – (2) U နှင့် တရုတ်နိုင်ငံထုတ် Brand New Electric Vehicle Charger၊ Brand Name : ARCFOX၊ Model No: AFA12A2၊ C/O : China – (12) U သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX ALPHA T5၊ 2024 MDL၊ C/O: CHINA – (6) U နှင့် တရုတ်နိုင်ငံထုတ် Brand New Electric Vehicle Charger၊ Brand Name : ARCFOX၊ Model No: AFA12A2၊ C/O : China – (9) U သည် ၁၅-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ AUTO TOP POWER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG NAMMI01၊ 2024 MDL၊ C/O: CHINA – (12) U သည် ၂၆-၁၁-၂၀၂၄ ရက်နေ့ တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၆) စီးနှင့် လျှပ်စစ်သုံးမော်တော်ယာဉ် အားသွင်းစက် (၂၁) ခုအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၈) စီးနှင့် လျှပ်စစ်သုံးမော်တော်ယာဉ် အားသွင်းစက် (၂၁) ခု အား ၂၉-၁၁-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။