အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် INNOGEN MYANMAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDEN (LHD)၊ BRAND NAME: GAC Aion S Mei 580၊ 2024 MDL၊ C/O: CHINA – (12) U နှင့် BRAND NEW SEDEN (LHD)၊ BRAND NAME: GAC Aion S Xuan 580၊ 2024 MDL၊ C/O: CHINA – (12) U တို့သည် ၂၅-၂-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာခဲ့ပါသည်။ AUNG GABAR MOTOR SERVICES CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX ALPHA T5၊ 2024 MDL၊ C/O: CHINA – (15) U နှင့် BRAND NEW ELECTRIC VEHICLE CHARGER၊ BRAND: ARCFOX၊ MODEL AFA12A2၊ C/O: CHINA – (6) U တို့သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX ALPHA T5၊ 2024 MDL၊ C/O: CHINA – (1) U သည် ၁၅-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄) စီးအား မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌ ၄-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၆) စီး နှင့် လျှပ်စစ်သုံးမော်တော် ယာဉ် အားသွင်းစက် (၆) ခုအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port –RG) ၌ ၁၁-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ယာဉ် အားသွင်းစက် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၁-၃-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။