အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် SHWE THWAY CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: BYD SONG PLUS၊ 2024 MDL၊ C/O: CHINA – (3) U သည် ၆-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ (6) U သည် ၂၄-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီး ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးအား ၉-၁၀-၂၀၂၄ ရက်နေ့ တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port– KM) ၌ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၉-၁၀-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။