လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR NEW ENERGY MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: HYCAN V09၊ 2024 MDL၊ C/O: CHINA – (3) U သည် ၂၈-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ESSENTIAL MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BYD ATTO 3 EV၊ 2024 MDL၊  C/O: CHINA – (14) U သည် ၂၈-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ SHWE THWAY CO., LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: BYD SONG PLUS၊ 2024 MDL၊ C/O: CHINA – (9) U သည် ၁၂-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိလာခဲ့ပါသည်။  အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ် (၉) စီးအား ၁၁-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၁၇) စီးအား ၁၂-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ ပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၆) စီး အား ၁၂-၁၁-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။