အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် AMAZING AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (12) U သည် ၁၁-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိခဲ့ပါသည်။ ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊ C/O: CHINA – (10) U သည် ၂၀-၇-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊ C/O: CHINA – (1) U သည် ၁၇-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (KM) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ GOLDEN MANDALAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN MINI၊ 2024 MDL၊ C/O: CHINA – (15) U နှင့် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (10) U တို့သည် ၈-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (KM) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ EV POWER CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (9) U သည် ၁၆-၉-၂၀၂၄ ရက်နေ့ တွင်လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (3) U သည် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၄၈) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၆၀) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၄-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။