လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် PERFORMANCE AUTO INTERNATIONAL CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: CHERY EQ1၊ 2024 MDL၊  C/O: CHINA – (3) U သည်လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: CHERY FX၊ 2024 MDL၊ C/O: CHINA – (2) U သည်လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: CHERY FX၊ 2024 MDL၊ C/O: CHINA – (2) U သည်လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: CHERY FX၊ 2024 MDL၊ C/O: CHINA – (2) U သည် လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: CHERY FX၊ 2024 MDL၊ C/O: CHINA – (1) U သည်လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: CHERY FX၊ 2024 MDL၊  C/O: CHINA – (1) U သည် လည်းကောင်း ၈-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၁) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၄-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားပါကြောင်း သတင်းရရှိပါသည်။