အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် EARTH RENEWABLE ENERGY CO., LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (10) U သည် ၂၅-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။ MYANMAR ARR THIT MAN MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: CHANGAN BENNI E-STAR၊ 2024 MDL၊ C/O: CHINA – (23) U သည် ၁၄-၈-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါ သည်။ MMM PLUS AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: SKY WORTH K 620 MAX၊ 2024 MDL၊ C/O: CHINA – (15) U သည်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: SKY WORTH K 520 AIR၊ 2024 MDL၊ C/O: CHINA – (11) U သည် လည်းကောင်း ၁၉-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ T & Z FINANCE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: BYD SONG PLUS၊ 2024 MDL၊ C/O: CHINA – (20) U သည် ၁၁-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ AUNG KANBO TRUCK & MACHINERY CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: FORTHING S7၊ 2024 MDL၊ C/O: CHINA – (3) U သည် ၂၂-၁၁-၂၀၂၄ ရက်နေ့ တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၇၂) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၈၂) စီးအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီး စားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၅-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားပါကြောင်း သတင်းရရှိပါသည်။