အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် DONGFENG MOTOR CORPORATION CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SALOON (LHD)၊ BRAND NAME: FAW TOYOTA BZ3၊ 2024 MDL၊ C/O: CHINA – (5) U နှင့် BRAND NEW SALOON (LHD)၊ BRAND NAME: FAW TOYOTA BZ3၊ 2024 MDL၊ C/O: CHINA – (1) U တို့သည် ၂၁-၃-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိလာခဲ့ပါသည်။ ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG BOX၊ 2024 MDL၊ C/O: CHINA – (5) U သည် ၁၄-၂-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိလာခဲ့ပါသည်။ INNOGEN MYANMAR CO., LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (20) U သည် ၄-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိ လာခဲ့ပါသည်။ WIN MOTOR MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKS WAGEN ID6 CROZZ၊ 2024 MDL၊ C/O: CHINA – (9) U သည် ၂၅-၂-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးသည် သီလဝါ ဆိပ်ကမ်း (MITT) ၌ ၂၆-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ ၂-၄-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၂၀) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ ၂-၄-၂၀၂၅ ရက် နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂-၄-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၄၀) စီးအား ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂-၄-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထား ကြောင်း သတင်းရရှိပါသည်။