အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR ARR THIT MAN MOTOR CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: CHANGAN EADO၊ 2024 MDL၊ C/O: CHINA – (18) U သည် ၂၆-၃-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: GAC AION S XUAN 580၊ 2024 MDL၊ C/O: CHINA – (25) U သည် ၂၀-၃-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း(MIP) သို့ လည်းကောင်း၊ AUNG KAN BO TRUCK & MACHINERY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: FORTHING S60 EVPRO၊ 2024 MDL၊ C/O: CHINA – (4) U သည် ၂၂-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port-RG) သို့လည်းကောင်း အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ယာဉ် (၁၈) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂-၄-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၅) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း(MIP) ၌ ၈-၄-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ်(၄)စီးသည် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port-RG) ၌ ၂-၄-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇)စီးအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီး ဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၈-၄-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။