အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: LEAPMOTOR T03 (STANDARD)၊ 2023 MDL၊ C/O: CHINA – (1) U သည် ၂-၇-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ UNITRUST ENTERPRISE GROUP OF CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR ICAR03၊ 2024 MDL၊ C/O: CHINA – (6) U သည် ၁၂-၁၀-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ် (၁) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) တွင်လည်းကောင်း စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၇) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။