အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EARTH RENEWABLE ENERGY Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: BYD TANG EV ၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ်(၂)စီးသည် ၂၈-၇-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ်(၁၅)စီးသည် ၂၃-၁-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ AMAZING AUTO Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SEDAN (LHD) (Battery Electric Vehicle) Brand Name: FAW TOYOTA BZ3 ၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄) စီးသည် ၂-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ MYANMAR BRILLIANCE AUTO Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD)(Battery Electric Vehicle) Brand Name: KAIYI B-EV ၊ 2023 Mdl လျှပ်စစ်သုံး မော်တော်ယာဉ် (၃) စီးသည် ၂၁-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ 99 MYANMAR Co.,Ltd မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD)(Battery Electric Vehicle) Brand Name: GAC AION Y YOUNGER ၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄) စီးသည် ၅-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ INNOGEN MYANMAR Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: GAC TOYOTA BZ4X ၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ၂၃-၂-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၇) စီးသည် ၁၁-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ N.P.K MOTORS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New HATCHBACK (LHD)(Battery Electric Vehicle) Brand Name: MG, MG4 (MULAN) ၊ 2023 Mdl လျှပ်စစ်သုံး မော်တော်ယာဉ်(၁၀)စီးသည် ၁-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ Brand New HATCHBACK (LHD)(Battery Electric Vehicle) Brand Name: MG, MG4 (MULAN) ၊ 2023 Mdl လျှပ်စစ်သုံး မော်တော်ယာဉ် (၁၀) စီးသည် ၁၇-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ MYANMAR GREAT MOTOR Co.,Ltd မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: AIQAR eQ3 ၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးသည် ၁၄-၄-၂၀၂၄ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ) (MITT) သို့ရောက်ရှိ လာပြီး ၎င်းစုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၁၀၇) စီးတို့အား ၂၆-၄-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့်စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်း ရရှိပါသည်။
သတင်းစဥ်