လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR ARR THIT MAN MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Battery Electric Motorcycle With Charging Adaptor (BEV)၊ Brand Name: YADEA၊ 2024 Mdl၊ C/O: China – (174) U သည် ၁၂-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: GAC AION S MEI 580၊ 2024 MDL၊ C/O: CHINA – (18) U သည် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ UNITRUST ENTERPRISE GROUP OF CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR ICAR03၊ 2024 MDL၊ C/O: CHINA – (2) U နှင့် တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR EQ7၊ 2024 MDL၊ C/O: CHINA – (1) U သည် ၂၃-၁၁-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် (၁၇၄) စီးအား ၂၉-၁၁-၂၀၂၄ ရက်နေ့နှင့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီးအား ၄-၁၂-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၃) စီးအား ၄-၁၂-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၁) စီးနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၇၄) စီးတို့အား ၄-၁၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်း ရရှိပါသည်။