အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GRAND SIRIUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: NETA U၊ 2024 MDL၊ C/O: CHINA – (29) U နှင့် BRAND NEW WAGON (LHD)၊ BRAND NAME: NETA U၊ 2024 MDL၊ C/O: CHINA – (21) U သည် ၃-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (12) U သည် ၂၅-၁-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (3) U သည် ၃-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံး မော်တော်ယာဉ် (၆၅) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်ကောင်း အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၈-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါ ကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်း ရရှိပါသည်။